The 4 Stages Of Learning : Cognitive Development Theory

ပညာရေးစိတ်ပညာရှင် Jean Piaget ရဲ့ 𝐂𝐨𝐠𝐧𝐢𝐭𝐢𝐯𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐓𝐡𝐞𝐨𝐫𝐲 အရ ကလေးတွေရဲ့ သင်ယူပုံဟာ အဆင့် ဆင့် ရှိပါတယ်။

 

🧠 (Sensorimotor)
၀ – ၂ နှစ်အတွင်းမှာ အာရုံငါးပါး ထိတွေ့မှုတွေကနေတဆင့် စတင်သင်ယူပါတယ်။

 

🧠 (Pre-operational)
၂ – ၇ နှစ် အတွင်းမှာတော့ ဘာသာစကားတွေနဲ့ သင်္ကေတတွေကို စတင်နားလည်နိုင်ပါပြီ။ ဒါပေမဲ့ ယုတ္တိဗေဒ (Logic) ကတော့ မခိုင်မာသေးပါဘူး။

 

🧠 (Concrete Operational)
၇ – ၁၁ နှစ် ရောက်ရင်တော့ လက်တွေ့ကျတဲ့ အရာတွေကို ယုတ္တိရှိရှိ စပြီးတွေးခေါ်တတ်လာပါပြီ။

 

🧠 (Formal Operational)
အသက် ၁၁ နှစ်အထက် ရောက်သွားရင်တော့ စိတ်ကူးယဉ်အယူအဆတွေနဲ့ ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းတက်လာပါပြီ။

 

ဒီလိုအသက်အရွယ် အပိုင်းအခြားထဲမှာမှ Harvard University’s Center on the Developing Child အရ အသက် ၃ နှစ်မှ ၅ နှစ်ကြားအရွယ်တွေဟာ 𝐆𝐨𝐥𝐝𝐞𝐧 𝐀𝐠𝐞 လို့ တင်စားရတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအမြန်ဆုံးနဲ့ မြင့်ဆုံးအရွယ်တွေဖြစ်ပါတယ်။ ဒါကြောင့် 𝐆𝐨𝐥𝐝𝐞𝐧 𝐀𝐠𝐞 အရွယ်ဟာ ဘာသာစကားတွေသင်ယူဖို့အတွက် ဉာဏ်ရည်ကို အကောင်းဆုံး အသုံးချနိုင်တဲ့ အရွယ်လည်း ဖြစ်ပါတယ်။

 

ဒီလို 𝐆𝐨𝐥𝐝𝐞𝐧 𝐀𝐠𝐞 အရွယ်မှာ ထိရောက်တဲ့ သင်ကြားမှုပုံစံတွေနဲ့ ကလေးတွေရဲ့ ဘာသာစကားစွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 မှာ –

Active Learning: နားထောင်ရုံတင်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရသော (Hands-on activities) များ ဖန်တီးပေးပါတယ်။

Scaffolding: ကလေးက သူ့အဆင့်ထက် အနည်းငယ်မြင့်တာကို လုပ်နိုင်အောင် ဆရာက လိုအပ်သလောက်ပဲ အကူအညီပေးပြီး နောက်ပိုင်းမှာ ကိုယ်တိုင်လုပ်ခိုင်းတာမျိုးတွေ လေ့ကျင့်ပေးပါတယ်။

Growth Mindset: အမှတ်ထက် ကြိုးစားအားထုတ်မှုကို ချီးမွမ်းပေးပြီး သားသားမီးမီးတို့ရဲ့ သင်ယူလိုစိတ်ကို မြှင့်တင်ပေးပါတယ်။

Safe Environment: အမှားလုပ်မှာ မကြောက်ဘဲ မေးခွန်းမေးရဲတဲ့ ပတ်ဝန်းကျင်ကို တည်ဆောက်ပေးထားပါတယ်။

𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 မှာ ကလေးတွေရဲ့ မွေးရာပါဉာဏ်ရည်ထက် သင်ကြားပေးတဲ့ ဝန်းကျင်နဲ့ နည်းစနစ်တွေကပဲ အရေးကြီးတယ်လို့ ခံယူထားတာကြောင့် ကလေးတိုင်းရဲ့ ပျော်ရွှင်စရာ ပညာရေးရပ်ဝန်းလေးတစ်ခုဖြစ်အောင် အခုလိုပဲ ဖန်တီးပေးထားပါတယ်။

Add a Comment

Your email address will not be published.