Is Memorising An Effective Learning Strategy?

ငယ်ငယ်ကတည်းက စာဆိုရင် “အလွတ်ရအောင်ကျက်” ဆိုတဲ့ အလေ့အကျင့်နဲ့ ကြီးပြင်းလာကြတာများပါတယ်။ အလွတ်ကျက်တာ (Rote Learning) က သမိုင်းခုနှစ်တွေ၊ သင်္ချာပုံသေနည်းတွေ မှတ်တဲ့နေရာမှာ အဆင်ပြေပေမဲ့ အားနည်းချက်ကတော့ “အဓိပ္ပာယ်ကို နားမလည်ဘဲ ကျက်မိရင် မေ့လွယ်တာ” ပါပဲ။

 

ဥပမာ- ဟင်းချက်နည်းစာအုပ်ကို အလွတ်ရနေပေမဲ့ မီးဖိုချောင်ထဲမှာ ကိုယ်တိုင် လက်တွေ့မချက်ဖူးရင် ဟင်းကောင်းတစ်ခွက် ထွက်လာဖို့ ခက်ခဲနေသလိုပေါ့။
အထူးသဖြင့် “အင်္ဂလိပ်စာ” လေ့လာတဲ့အခါမှာ Grammar ပုံသေနည်းတွေကိုပဲ အလွတ်ကျက်နေမယ်ဆိုရင် စာမေးပွဲဖြေလို့ ရနိုင်ပေမဲ့ တကယ့်လက်တွေ့မှာ စကားပြောဖို့ ခက်ခဲနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာစကားဆိုတာ “ကျက်ရမယ့် ဘာသာရပ်” မဟုတ်ဘဲ “သုံးတတ်ရမယ့် အတတ်ပညာ” ဖြစ်လို့ပါ။ စကားလုံးတွေကို အလွတ်ကျက်တာထက် ဘယ်လိုအခြေအနေမှာ သုံးရမလဲဆိုတဲ့ Context ကို နားလည်ထားမှသာ ကိုယ့်နှုတ်ကနေ အလိုလို ထွက်လာမှာဖြစ်ပါတယ်။

 

ဒါကြောင့် 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 မှာဆိုရင် စာတွေကို အလွတ်ကျက်ခိုင်းတာမျိုးထက် စကားလုံးတွေရဲ့ အဓိပ္ပာယ်နဲ့ သုံးနှုန်းပုံကို နားလည်အောင် ရှင်းပြတာမျိုး၊ လက်တွေ့ဘဝမှာ ဘယ်လိုပြောရမလဲဆိုတာ လေ့ကျင့်ပေးတာမျိုးနဲ့ မှတ်မိရုံတင်မကဘဲ ကိုယ်တိုင်အသုံးချတတ်အောင် အဓိကထား သင်ကြားပေးနေပါတယ်။

 

အလွတ်ကျက်ရတဲ့ သံသရာကနေ ရုန်းထွက်ပြီး အင်္ဂလိပ်စာကို တကယ်နားလည်ပြီး ယုံကြည်မှုရှိရှိ ပြောဆိုချင်တယ်ဆိုရင်တော့ 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 က ဖေဖေမေမေတို့ဘေးမှာ အမြဲရှိနေမှာပါ။

Add a Comment

Your email address will not be published.