Emotional Management for Kids

ကလေးတွေစိတ်ကောက်ပြီး ဂျီကျတဲ့အခါ တော်တော်လေး ပင်ပန်းရတတ်ပါတယ်။ ဘာကို အလိုမကျလို့ စိတ်ကောက်နေတာလဲလို့ မေးရင်လည်း အဖြေမရလို့ ပိုပြီး စိတ်တွေ ရှုပ်ရတာပေါ့။ ဒါဟာ ခံစားချက်ပြင်းထန်တဲ့အခြေအနေမှာ ကိုယ့်စိတ်ကို ဘယ်လိုထိန်းချုပ်ရမှန်း ဘယ်လိုဖော်ပြရမှန်း မသိသေးတဲ့ လက္ခဏာတစ်ခုပါပဲ။

ဒီလို အခြေအနေမျိုးကို ကိုင်တွယ်ဖို့ဆိုရင် ကလေးတွေကို ရိုက်တာ၊ အော်ဟစ်တာမျိုး ပြုလုပ်မဲ့အစား အခုလိုမျိုး ကိုင်တွယ်ထိန်းကျောင်း သင့်ပါတယ်။ 🌿

၁။ ခံစားချက်ကို အသိအမှတ်ပြုပါ (Emotional Validation) 🤝

ကလေး စိတ်ကောက်နေချိန်မှာ “ဒါလေးများ စိတ်ကောက်စရာလား” လို့ သူ့ခံစားချက်ကို Reject လုပ်လိုက်ခြင်းက ကလေးရဲ့ ခံစားချက်ကို တန်ဖိုးမထားရာ ရောက်ပြီး ပိုဆိုးသွားနိုင်ပါတယ်။

အဲဒီအစား “သမီး စိတ်တိုနေတယ်နော်။ ကိုယ်လိုချင်တာ မရလို့ စိတ်မကောင်းဖြစ်တာ ပုံမှန်ပဲ၊ ဒါပေမဲ့ ဒီလိုစိတ်တိုနေတာ ကောင်းတဲ့အရာမဟုတ်လို့ မလုပ်သင့်ဘူး၊ သမီးအတွက်လည်း မကောင်းဘူး မေမေ့အတွက်လည်း မကောင်းဘူး” လို့ ပြောပြပြီး လက်ခံပေးပါ။ ခံစားချက်ကို လက်ခံပေးခြင်း (Validate) က ကလေးရဲ့ စိတ်တည်ငြိမ်မှုကို အခိုင်မာဆုံး တည်ဆောက်ပေးပါတယ်။

၂။ ခံစားချက်ကို နာမည်တပ်တတ်အောင် သင်ပေးပါ (Emotion Labeling) 🗣️

ကလေးတွေဟာ ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံစားရပေမယ့် အဲဒါကို ဘာခေါ်မှန်း မသိကြပါဘူး။ နာမည်တပ်နိုင်မှ ကိုင်တွယ်ဖို့ လွယ်ကူမှာပါ။

ကလေး စိတ်တိုနေတဲ့အခါ “ဒါက စိတ်တိုတာ လို့ ခေါ်တယ်”၊ “သားအခု ခံစားနေရတာက ဝမ်းနည်းနေတာ” လို့ ရှင်းပြပေးပါ။

၃။ ဖြေရှင်းနည်း ရွေးချယ်ခွင့် ရိုးရှင်းစွာ ပေးပါ (Empowerment) 🌱

စိတ်ကောက်တာကို ရပ်ဖို့ ချက်ချင်း အလိုလိုက်တာမျိုးနဲ့ အတင်းအကျပ် ဆူပူတာမျိုးကို ရှောင်ပါ။ သူတို့ရဲ့ စိတ်ခံစားမှုကို သူတို့ကိုယ်တိုင် ထိန်းချုပ်နိုင်ကြောင်း ခံစားခွင့်ပေးပါ။

ကလေးကို ရိုးရှင်းတဲ့ ရွေးချယ်ခွင့် ၂ ခု ပေးပါ။ ဥပမာ – “၁၀ အထိ ဖြည်းဖြည်းချင်း ရေကြည့်မလား၊ ဒါမှမဟုတ် ဘေးနားမှာ ထိုင်ပြီး အသက်ပြင်းပြင်း ရှူကြည့်မလား၊ အပြင်ထွက်ပြီး လမ်းခဏလျှောက်ကြမလား” စတာမျိုးလေးမေးပါ။

ဒီလို ရွေးချယ်ခွင့်ပေးခြင်းက
“ငါ့စိတ်ကို ငါထိန်းချုပ်လို့ရတယ်” ဆိုတဲ့ ခံစားချက်ကို
ကလေးရဲ့စိတ်ထဲမှာ တည်ဆောက်ပေးပါတယ်။ ဒါအရေးအကြီးဆုံးပါပဲ။ ✨

ဒီနည်းလမ်းလေးတွေက သင့်ကလေးကို သူတို့ရဲ့ စိတ်ခံစားမှုတွေကို ကျန်းမာတဲ့ နည်းလမ်းနဲ့ ထုတ်ဖော်တတ်အောင် ကူညီပေးပါလိမ့်မယ်။ ဘယ်အချက်ကို စမ်းကြည့်ပြီးပြီလဲဆိုတာ ပြန်ပြောပြခဲ့ပါဦးနော်။ သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ဆွေးနွေးလို့ရပါတယ်။

Add a Comment

Your email address will not be published.