Unnoticed English Learning Mistake

ကိုယ့်ရဲ့ကလေးကို အင်္ဂလိပ်စာ သင်ကြားပေးဖို့ ကြိုးစားရင်း မိဘတွေ မသိမသာ လုပ်မိနေတဲ့ အမှားတစ်ခုကို သိကြလား 

ဒီအမှားက သင့်ကလေးရဲ့ စကားပြောဆိုမှု စွမ်းရည်ကို တော်တော်လေး ထိခိုက်စေပါတယ်။

အဲဒါကတော့ ကလေးကို အင်္ဂလိပ်စာသင်ပေးချင်တာကြောင့် တိုက်ရိုက် “ဘာသာပြန်” ပေးနေခြင်းပဲ ဖြစ်ပါတယ်။



ဥပမာ –

ကလေးကို 💧 “Water” ဆိုတဲ့ စကားလုံးကို သင်ပေးချင်တဲ့အခါ “ဒါကို ရေလို့ခေါ်တယ်” ဆိုပြီး မြန်မာလို “ဘာသာပြန်” ပြီး သင်ကြားခြင်းက ကလေးရဲ့ ဦးနှောက်ထဲမှာ မြန်မာလိုပဲ အရင်မှတ်ယူပြီးမှ အင်္ဂလိပ်လို “Water” ဆိုတာကို နောက်တစ်ဆင့် စဉ်းစားစေတဲ့ အတွေးလုပ်ဆောင်မှုမျိုးကို ဖြစ်စေပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ဘယ်ဝေါဟာရ အသစ်ကိုမဆို မိခင်မြန်မာစာကို အရင်စဉ်းစားပြီးမှသာ အင်္ဂလိပ်ဝေါဟာရကို စဉ်းစားတတ်တာမျိုး ဖြစ်သွားစေတဲ့အတွက် သဘာဝအတိုင်း အင်္ဂလိပ်လို တိုက်ရိုက်ပြောဆိုဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ဒီအတွက် အင်္ဂလိပ်စာကို သင်ကြားတဲ့အခါတိုင်း

🧠 “Apple” ကို သိစေချင်ရင် ပုံပြပြီး “It is apple” လို့ တိုက်ရိုက်ညွှန်းတဲ့ Visual အကူအညီကို သုံးပါ။

🧠 “Drink water” လို့ပြောပြီး သောက်ပြတာမျိုး Action နဲ့ ချိတ်ပြီး သင်ပြပေးပါ။

ဒီနည်းလမ်းတွေနဲ့ သင့်ကလေးရဲ့ အင်္ဂလိပ်စာ သင်ကြားမှုစွမ်းရည်ကို နောက်တစ်ဆင့်ကို မြှင့်တင်စေနိုင်ပါတယ်။

ဒီလို 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐀𝐩𝐩𝐫𝐨𝐚𝐜𝐡 ဆိုတဲ့ သင်ကြားရေးပုံစံမျိုးနဲ့ ကလေးတွေကို အင်္ဂလိပ်စာ သင်ကြားပေးနေတာကြောင့် အဆင့်မြင့်ပညာရေးကို လိုလားကြတဲ့ မိဘတိုင်းအတွက် 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 ဟာ အသင့်တော်ဆုံး အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုပဲ ဖြစ်ပါတယ်


𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 ဟာ အင်္ဂလိပ်စာကိုပဲ သင်ကြားပေးနေတာမဟုတ်ဘဲ ကလေးတွေရဲ့ အနာဂတ်ဘဝကိုပါ ပုံဖော်ပေးနေတဲ့ ပညာရေးရပ်ဝန်း တစ်ခုဖြစ်တာမို့ သားသားမီးမီးတို့အတွက် အကောင်းဆုံးရွေးချယ်မှုကို ရှာဖွေနေတယ်ဆိုရင် အသေးစိတ်စုံစမ်းဖို့ ဖိတ်ခေါ်ပါတယ်

Add a Comment

Your email address will not be published.