Introducing Technology To Kids At An Early Age
ဖေဖေမေမေတို့ အများစု သိထားကြတာက ကလေးတွေကို ဖုန်းတွေ၊ တဘလက်တွေ၊ ကွန်ပြူတာတွေ ပေးသုံးတာက မကောင်းတဲ့အလေ့အကျင့်တစ်ခုပေါ့။ ဘာလို့လဲဆိုရင် ကလေးနဲ့ မသင့်တော်တဲ့ Content တွေ တွေ့သွားမှာစိုးတာ၊ Screen time တွေ အရမ်းများတဲ့အတွက် Social Skills တွေ ကျသွားမှာစိုးတာ စသည်ဖြင့် ဒီလိုမျိုး သိထားလေ့ ရှိပါတယ်။
ဒါပေမယ့် ဒီကိစ္စရဲ့နောက်ကွယ်မှာ ကလေးတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ အချက်လေးတွေလည်း ရှိနေပါသေးတယ်
အဲ့တာတွေကတော့…
Cognitive Development
ငယ်စဉ်ကတည်းက နည်းပညာနဲ့ ထိတွေ့ထားတဲ့အတွက် “စဉ်းစားနည်း၊ အချက်အလက်ရှာဖွေရေး၊ Memory & attention” တွေကို ပိုပြီး ကောင်းမွန်စေပါတယ်။
Problem-Solving Skill
App, game, coding လိုမျိုး logical thinking တက်စေတဲ့ နည်းပညာတွေကြောင့် ကိုယ့်ကလေးရဲ့ Critical thinking ကို လေ့ကျင့်ပေးနိုင်ပါတယ်။
Creativity & Expression
Drawing apps, storytelling tools, video making apps တွေက ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းကို သေချာပေါက် မြှင့်တင်ပေးနိုင်မှာပါ။
Digital Literacy
၂၁ ရာစုထဲမှာ နည်းပညာဆိုတာ ရှောင်လွှဲလို့မရတော့တဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ ကလေးတွေကို ငယ်စဉ်ကတည်းက နည်းပညာနဲ့ ထိတွေ့ထားတဲ့အတွက် နောင်တချိန်မှာ ပြန်လည်အသုံးချနိုင်တဲ့ Job Skills တွေအတွက်လည်း အခြေခံပိုင်ထားပြီးသား ဖြစ်မှာပါ။
ဒီတော့ ဖေဖေမေမေတို့လည်း နည်းပညာကို ကောင်းမွန်တဲ့ဘက်ကနေ အသုံးချပြီး မိမိရဲ့ရင်သွေးငယ်လေးတွေကို လူရည်ချွန်လေးတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်တတ်ဖို့ အတွေးလေးတစ်ခု ရသွားကြမယ်လို့ မျှော်လင့်ပါတယ်