Why Do Children Lie?

ကလေးတွေ ဘာလို့ လိမ်ပြောကြတာလဲဆိုတာ မိဘတိုင်း ကြုံတွေ့ရမယ့် ပြဿနာတစ်ခုပါ။

 

ကလေးတွေ လိမ်ရတယ်ဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်နွယ်နေတဲ့ အကြောင်းလေးတွေ ရှိပါတယ်။

 

အမှန်တိုင်းပြောရင် အဆူခံရမှာကိုကြောက်တာရယ် မိဘတွေ စိတ်ပူတာမျိုး ဖြစ်သွားမှာစိုးလို့ လိမ်ပြောတာမျိုး၊ မိဘတွေဆီက အာရုံစိုက်ခံချင်၊ ဂရုစိုက်ခံချင်တဲ့အတွက် လိမ်ပြောတာမျိုး၊ တခါတလေ လိမ်ပြောလိုက်ရင် ဘာဖြစ်မလဲသိချင်လို့ စမ်းသပ်ကြည့်တာမျိုးအပြင် ပြဿနာကို ရှောင်လွှားချင်လို့မဟုတ်ဘဲ Entertain လုပ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ ဉာဏ်ရည်ကွန့်မြူးနိုင်စွမ်းကို ကြွားချင်လို့သက်သက်နဲ့ လိမ်တတ်ကြတာမျိုးလည်း ရှိပါတယ်။

 

ဒီလိုလိမ်တတ်တဲ့ ကလေးတွေ မဖြစ်အောင်လို့ ဖေဖေမေမေတို့အနေနဲ့ ပြစ်ဒဏ်ပေးတာမျိုး မလုပ်ဘဲ အောက်ပါ Positive guidance နည်းလမ်းလေးတွေကို အသုံးပြုပြီး ဖြေရှင်းလို့ ရပါတယ်။

 

1️⃣ အမှန်တိုင်းပြောလို့ရတယ် မဆူဘူး၊ မရိုက်ဘူးဆိုတာ စိတ်မပူအောင်လို့ အသိပေးရပါမယ်။

 

2️⃣ အမှန်တိုင်းပြောတဲ့အခါ ချီးကျူးတာမျိုးလုပ်ဆောင်ပေးပြီး နောက်ပိုင်းအမှန်တိုင်း ဝန်ခံတတ်လာအောင် လုပ်ဆောင်ပေးရပါမယ်။

 

3️⃣ လိမ်ပြောတာရဲ့နောက်မှာ ဘာအကြောင်းအရာတွေရှိသေးလဲဆိုတာကို မိဘကိုယ်တိုင် လေ့လာပြီး Trust-building ရအောင် တည်ဆောက်ရပါမယ်။

 

အရေးကြီးဆုံးကတော့ မိဘတွေဆိုတာ ကလေးတွေရဲ့ Role model တွေဖြစ်တာကြောင့် ဖေဖေမေမေတို့ကိုယ်တိုင် ကလေးရှေ့မှာ လိမ်ပြောတာမျိုး မဖြစ်ရအောင် အထူးဂရုစိုက်သင့်ပါတယ်။

Add a Comment

Your email address will not be published.