ကလေးတိုင်းကထူးခြားတယ် “ကလေးတိုင်းက မတူညီတဲ့ နည်းတွေနဲ့ သူမတူအောင်ထူးခြားပါတယ် ။ ကလေးတစ်ယောက်ချင်းစီမှာ ကိုယ်တိုင်ဗီဇမှာပါဝင်လာတဲ့ မတူညီတဲ့ အားသာချက်တွေရှိပါတယ် ။ ဒီမှာတော့ ကလေးတွေရဲ့ ထူးခြားမှုတွေ မတူညီကွဲပြားနိုင်မှုတွေ နဲ့ ဘာကြောင့်ကလေးတိုင်းကထူးခြားနေရလဲဆိုတာကို ဖေဖေ ၊ မေမေ တို့ သိရလေအောင် ပြောပြပေးပါမယ် ။

ကလေးတိုင်းက မတူညီနိုင်ပါဘူး !!!

“ သုည ” နဲ့ “ ဝလုံး “ မတူညီနိုင်သလို တစ်မိဘထဲ က မွေးပြီး အမွှာနှစ်ယောက်ဖြစ်နေလို့ ရုပ်ချင်းမတရား တူညီနေတောင် သူတို့ရဲ့ စိတ်ဝင်စားမှု‌ ၊ ကြိုက်တဲ့ အရာ ၊ မကြိုက်တဲ့အရာတွေမတူညီနိုင်ပါဘူး ။ ဒီလို မတူညီမှုတွေကပဲ ထူးခြားမှုကို ဖြစ်ပေါ်စေ တာမဟုတ်လားဗျ ။

ကလေးတိုင်းမှာ အားသာချက် ရှိပါတယ် !!!

အားကစား မှာထူးချွန်ခြင်း ၊ ပုံဆွဲခြင်း ၊ ဘာသာရပ်လေ့လာခြင်း ၊ သီချင်းဆိုခြင်း ( သို့ ) ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်း စသလို မတူညီတဲ့ အားသာချက်တွေရှိနေတာမို့ ကလေးမကျွမ်းကျင် စိတ်မဝင်စားတဲ့ အရာကို မထူးခြားလာလို့ အသုံးမကျတဲ့ အကြောင်းမပြောဘဲ သူအားသာတဲ့ အရာကို မိဘတစ်ယောက်အနေနဲ့ ဖော်ထုတ်ပေးပြီး မြေတောင်မြှောက်အားပေးပေးဖို့လိုပါတယ်

ကလေးတိုင်းမှာ မကျွမ်းကျင်တဲ့ ( သို့ ) အားနည်းတဲ့ အရာတွေရှိပါတယ် !!!

တစ်ချို့ ကလေးတွေက ဘာသာရပ်ပိုင်းဆိုင်ရာ အားနည်းတာ ၊သင်္ချာ ဘာသာရပ်အားနည်းတာ ၊ ပေါင်းသင်းဆက်ဆံရေးအားနည်းတာစသဖြင့် အားနည်းချက်တွေရှိလာတဲ့အခါ မိဘတွေအနေနဲ့ ကလေးရဲ့ အားနည်းချက်အတွက် အပြစ် မတင်ဘဲ သူအားသာစိတ်ဝင်စားမှုအပေါ် အသိမှတ်ပြုပေးဖို့လိုပါတယ်
အချုပ် အနေနဲ့ဆိုရရင်တော့ ကလေးတိုင်းမှာ မတူညီတဲ့ အားသာချက် ၊ အားနည်းချက် ၊ မတူညီကွဲပြားမှုတွေ ရှိတာကြောင့် ဖေဖေ ၊ မေမေ တို့အနေနဲ့ ဒီကမ္ဘာမြေကြီး မှာ ပွင့်မယ့် ကြယ့်ပွင့်လေးတွေ
ရဲ့ ထူးခြားမှု ကို မြေတောင်မြှောက်ပေးဖို့ အကြံပြုလိုက်ရပါတယ် ဗျ

Our Testimonials

What They’re Saying?

မိဘတွေရဲ့ ရင်ထဲကစကားလုံးတိုင်းက 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 ရဲ့ ဂုဏ်ယူမှုပါ

Interview Feedback

6800
Pro Teachers
9800
Skill Courses
8800
Students Enrolled

Discover Our Dedicated Educators