Beware Of Uninvolved Parenting

ဒီဘက်ခေတ်မှာ မိဘတွေဟာ 💼 စီးပွားရေးဘက်ကို ပိုအချိန်ပေးရတဲ့အတွက်ကြောင့် ကိုယ့်သားသမီးရဲ့ အခြေအနေတွေကို သိနိုင်ဖို့ နည်းလာကြပြီး သားသမီးနဲ့ မိဘကြားမှာ Gap တွေဖြစ်လာကြတာမျိုး ရှိပါတယ်။ 👩‍👧‍👦

တကယ်လို့ ဖေဖေမေမေတို့ဟာ

💔 ကလေးရဲ့ စိတ်ခံစားချက်တွေကို လျစ်လျူရှုတယ်၊ နွေးထွေးမှုလေးတွေ ပျောက်ဆုံးနေတယ်

💔 ကလေးကို ဘယ်အချိန်မှာတော့ ဘာလုပ်ရမယ်၊ ဘာတွေကိုတော့ မလုပ်ရဘူး စတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုးတွေ မထားထားဘူး

💔 ကိုယ့်ကလေးကို အချိန်မပေးနိုင်ဘူး

💔 ကျောင်းသွား၊ ကျောင်းပို့၊ ထမင်းကျွေး စတဲ့ အခြေခံအချက်တွေလောက်ပဲ ဖြည့်ဆည်းပေးနေမိတယ်ဆိုရင်တော့

⚠️ 𝗨𝗻𝗶𝗻𝘃𝗼𝗹𝘃𝗲𝗱 𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 ပုံစံထဲကို ဝင်ရောက်နေမိပြီဆိုတာ သတိထားမိလိုက်ပါ။ ⚠️

ဒီလို အုပ်ထိန်းမှုပုံစံမျိုးကြောင့် ကလေးငယ်တွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးလာခြင်း၊ စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ခက်ခဲလာခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှု ဖြစ်နိုင်ခြေ မြင့်မားလာတာမျိုးကို ကြုံတွေ့လာနိုင်ပါတယ်။

ဒါ့အပြင် မိဘရဲ့ လမ်းညွှန်မှုနှင့် စည်းကမ်းသတ်မှတ်ပေးမှု မရှိတာကြောင့် ကျောင်းစာမှာ စွမ်းဆောင်ရည် နိမ့်ကျခြင်း၊ လူမှုဆက်ဆံရေး ပြဿနာများ ကြုံတွေ့ရခြင်းနဲ့ ဆယ်ကျော်သက်ဘဝမှာ စိတ်လိုက်မာန်ပါ ပြုမူခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းလိုမျိုး အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပိုလုပ်နိုင်ချေများလာတာမို့လို့ မိဘတိုင်း သတိထားသင့်ပါတယ်။ 👨‍👩‍👧

Add a Comment

Your email address will not be published.