Dealing with children struggling with English
“အင်္ဂလိပ်စာကြီးက ခက်လိုက်တာ…သမီး မလုပ်ချင်တော့ဘူး” ဆိုတဲ့ စကားမျိုး ကြားရတဲ့အခါ မိဘတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်။
ကလေးတစ်ယောက် စာသင်ရတာ ခက်ခဲနေပြီဆိုရင် ဒါဟာ သူ့ရဲ့ ဉာဏ်ရည်ကြောင့်မဟုတ်ဘဲ သင်ယူမှုပုံစံ အပြောင်းအလဲ လိုအပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကလေးကို စိတ်အားမငယ်သွားအောင် မိဘတွေအနေနဲ့ ဒီလိုလေး အားပေးလိုက်ရအောင်။
“ခက်ခဲတာဟာ သဘာဝပဲ” လို့ နားလည်ပေးပါ
ဘာသာစကားအသစ်တစ်ခု သင်ယူတဲ့အခါ ခက်ခဲတာ၊ မှားတတ်တာဟာ သဘာဝပါပဲဆိုတာ ကလေးကို ပြောပြပေးပါ။ ဒီလိုစကားမျိုးက ကလေးကို ဖိအားတွေကြားကနေ လွတ်မြောက်စေပါတယ်။ ခက်ခဲတာဟာ “ညံ့လို့” မဟုတ်ဘဲ “တော်လာဖို့ ကြိုးစားနေတာ” ဖြစ်ကြောင်း နားလည်အောင် ရှင်းပြပေးပါ။
ရလဒ်ထက် “ကြိုးစားမှု” ကို ချီးကျူးပါ
အမှတ်ကောင်းမှ၊ အသံထွက်မှန်မှ ချီးကျူးတာမျိုးထက် ကလေးက စာအုပ်လေးဖွင့်ကြည့်တာ၊ စာလုံးလေးတစ်လုံးကို အသံထွက်ဖို့ ကြိုးစားတာမျိုးကိုပဲ မြင်အောင်ကြည့်ပြီး ချီးကျူးပေးပါ။ “ဒီနေ့ သားသား/မီးမီး ကြိုးစားပြီး ဖတ်နေတာကို မေမေ သဘောကျတယ်” ဆိုတဲ့ အားပေးစကားက ကလေးကို နောက်တစ်ခါ ထပ်ကြိုးစားဖို့ ခွန်အားဖြစ်စေနိုင်ပါတယ်။
𝗜𝘃𝘆 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 မှာ ကလေးတွေကို ဘယ်လိုအားပေးလဲ
𝗜𝘃𝘆 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 မှာတော့ ကလေးတွေကို “အင်္ဂလိပ်စာ ခက်တယ်” လို့ မခံစားရအောင် အဓိကထားပြီး သင်ကြားပေးပါတယ်။
ကလေးတစ်ဦးချင်းစီရဲ့ သင်ယူမှုအရှိန် (Learning Pace) ပေါ်မူတည်ပြီး စိတ်ရှည်လက်ရှည် သင်ကြားပေးလျက်ရှိပါတယ်။
စာသင်ခန်းထဲမှာ အမှားလုပ်မိမှာကို မကြောက်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ပျော်စရာကောင်းတဲ့ Activities တွေ ဖန်တီးပေးတာ၊ ကလေးတွေအတွက် အင်္ဂလိပ်စာဟာ ဘာသာရပ်တစ်ခုလိုမဟုတ်ဘဲ ပျော်စရာ ကစားနည်းတစ်ခုလို ဖြစ်အောင် ဖန်တီးပေးထားတာကြောင့် ကလေးတွေက သင်ယူရတာကို ပိုပြီး စိတ်အားထက်သန်လာကြပါတယ်။
ကလေးရဲ့ အင်္ဂလိပ်စာ ခရီးလမ်းမှာ စိတ်ညစ်စရာတွေမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တိုးတက်လာဖို့အတွက် 𝗜𝘃𝘆 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 က အကောင်းဆုံး အဖော်မွန်အဖြစ် ရှိနေပါတယ်။