Growth Mindset vs Fixed Mindset

“ငါကတော့ ဒီလောက်ပဲတတ်နိုင်တယ်၊ ငါ့အရည်အချင်းက ဒီလောက်ပဲ” လို့ တွေးမိနေသလား ဒါမှမဟုတ် “အခုမတတ်သေးပေမဲ့ ကြိုးစားရင် တစ်နေ့ တတ်လာမှာပဲ” လို့ ယုံကြည်သလား

Fixed Mindset (မပြောင်းလဲတဲ့ စိတ်ဓာတ်) ရှိသူတွေဟာ ကိုယ့်အရည်အချင်းကို ကန့်သတ်ထားတတ်ကြပြီး အမှားလုပ်မိမှာကို အရမ်းကြောက်တတ်ကြပါတယ်။ တစ်ဖက်မှာတော့ Growth Mindset (တိုးတက်လိုတဲ့ စိတ်ဓာတ်) ရှိသူတွေက အခက်အခဲတွေကို သင်ခန်းစာအဖြစ် မြင်ကြပါတယ်။ ဥပမာ- စန္ဒယားတီးတာကို “ငါက ပါရမီမပါဘူး” လို့ တွေးပြီး လက်လျှော့လိုက်တာဟာ Fixed Mindset ပါ။ ဒါပေမဲ့ “ငါ အခုတော့ သေချာမတီးတတ်သေးဘူး၊ အချိန်ပေးလေ့ကျင့်ရင်တော့ တတ်လာမှာပဲ” လို့ တွေးတာက Growth Mindset ဖြစ်ပြီး ဒါဟာ ရေရှည်မှာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။

 

ဒီစိတ်ဓာတ်ကွာခြားချက်က အင်္ဂလိပ်စာ လေ့လာတဲ့အခါမှာလည်း အများကြီး သက်ရောက်မှုရှိပါတယ်။ မှားမှာကြောက်ပြီး မပြောဘဲနေနေတာဟာ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ထားတဲ့ Fixed Mindset ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ဘာသာစကားဆိုတာ အမှားမှားအယွင်းယွင်းနဲ့ လက်တွေ့ပြောဆိုရင်း တိုးတက်လာရတဲ့ အတတ်ပညာပါ။ တကယ့်ပြင်ပလောကမှာ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ကျတော့ “နားလည်မှု” နဲ့ “လက်တွေ့အသုံးချမှု” ကသာ အဓိကကျပါတယ်။

ဒါကြောင့် 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 မှာဆိုရင် အမှားလုပ်မိမှာကို မကြောက်ဘဲ လက်တွေ့ Speaking ပြောနိုင်အောင် လေ့ကျင့်ပေးပြီး Real-life Situation တွေမှာ အဆင်ပြေပြေ အသုံးချတတ်လာအောင် Growth Mindset အပြည့်နဲ့ သားသားမီးမီးတိုင်းကို သင်ကြားပေးနေပါတယ်။

 

Smart English Starts Young — Ivy Makes It Happens!

Add a Comment

Your email address will not be published.