Improving Your Child’s Emotional Intelligence

ကလေးတွေရဲ့ Emotional Intelligence က ဘယ်လောက်အရေးကြီးလဲဆိုတာကို အရင်အပတ်က ဖော်ပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာ ကလေးတွေရဲ့ Emotional Intelligence ကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။



💓 စိတ်ခံစားချက်တွေကို အသိအမှတ်ပြုပေးပါ

ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို ဂရုမစိုက်ဘဲ မသိချင်ယောင်ဆောင်တာ၊ ပစ်ပယ်တာမျိုးမလုပ်ဘဲ အသိအမှတ်ပြုပေးသင့်ပါတယ်။

💓 ခံစားချက်တွေကို အမည်တပ်နိုင်အောင် ကူညီပေးပါ

ကလေးတွေကို “သား ဒေါသထွက်နေတယ်”၊ “သမီး အရမ်းကြောက်နေတယ်” စသည်ဖြင့် သူတို့ခံစားနေရတဲ့ ခံစားချက်တွေကို “ဘာဖြစ်နေလဲ” ဆိုတာကို သိနိုင်အောင်၊ ဘာကို ခံစားနေရလဲဆိုတာ အမည်တပ်ပြီး ထုတ်ပြောနိုင်အောင် ကူညီပေးပါ။

💓 ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် သင်ပေးပါ

စိတ်ဆိုးနေချိန်၊ ကြောက်ရွံ့နေချိန်၊ ဝမ်းနည်းနေချိန်မှာ အခြားနည်းတွေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် သင်ကြားပေးပါ။

ဥပမာ – စိတ်လျှော့သွားအောင်လုပ်ပေးတာ၊ စိတ်အပြောင်းအလဲဖြစ်အောင် ပုံဆွဲခိုင်းတာ၊ အသက်ကို ခပ်ပြင်းပြင်းရှူခိုင်းတာမျိုး လုပ်ဆောင်တတ်လာအောင် သင်ကြားပေးပါ။

💓 အခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်အောင် လေ့ကျင့်ပေးပါ

အခြားသူတွေလည်း မတူညီတဲ့ခံစားချက်တွေရှိနိုင်တယ်ဆိုတာကို သင့်ကလေးကို တွေးတောလာနိုင်အောင် လမ်းပြပေးပါ။

💓 ပြဿနာကို အပြန်အလှန်ဖြေရှင်းနိုင်အောင် ညွှန်ပြပါ

ပြဿနာတွေဖြစ်တဲ့အခါမျိုးမှာ နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေနိုင်တဲ့ Win-Win ဖြစ်မယ့် ဖြေရှင်းနည်းမျိုးကို စဉ်းစားတတ်လာအောင် ညွှန်ပြပေးပါ။

💓 နောက်ဆုံးအချက်ကတော့ မိဘတွေကိုယ်တိုင် ကလေးတွေ စံထားရတဲ့ Role Model တစ်ယောက် ဖြစ်နေဖို့ပါပဲ။

ကလေးဆိုတာ မိဘတွေဆီက အကျင့်စရိုက်တွေကို လက်ခံကူးစက်တတ်တာမို့ မိဘဖြစ်တဲ့ ကိုယ်ကိုယ်တိုင်က စိတ်ခံစားချက်တွေကို သိအောင်လုပ်ပြတာ၊ ကိုယ့် ခံစားချက်တွေကို ထိန်းချုပ်ပြတာမျိုး ကလေးတွေ အတုယူတတ်လာအောင် နေထိုင်ပြသင့်ပါတယ်။

Add a Comment

Your email address will not be published.