Memorising Vocabularies
ကလေးတွေက ဝေါဟာရတစ်လုံး သင်လိုက်တယ်၊ နားလည်သွားတယ်။ ဒါပေမဲ့ နောက်နေ့ကျတော့ ဘာမှ မမှတ်မိတော့ဘူး။
ဒါဟာ ကလေးတွေ ဉာဏ်မကောင်းလို့ မဟုတ်သလို အင်္ဂလိပ်စာမှာ အားနည်းနေတာလည်း မဟုတ်ပါဘူး။ ကလေးတွေ စာမေ့သွားတယ်ဆိုတာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကြောင့်ပါ။ ![]()
လူတွေရဲ့ဦးနှောက်က ကြွက်သားတွေလိုပဲ အသုံးချလေ သန်မာလေဖြစ်ပြီး အသုံးမပြုဘူးဆိုရင်တော့ အားနည်းလာတော့တာပါပဲ။ ![]()
ကိုယ်မှတ်ထားတဲ့အရာတစ်ခုကို နောက်တစ်ခေါက် ပြန်မထိတွေ့တဲ့အခါမှာ မလိုအပ်ဘူးလို့ ထင်တဲ့ အချက်အလက်တွေကို နေရာလွတ်ရအောင် ဦးနှောက်ကဖျက်ထုတ်ပစ်တာ ဖြစ်ပါတယ်။
ဒါကို 𝗧𝗵𝗲 𝗙𝗼𝗿𝗴𝗲𝘁𝘁𝗶𝗻𝗴 𝗖𝘂𝗿𝘃𝗲 (မေ့လျော့ခြင်း မျဉ်းကွေး) လို့ခေါ်ပါတယ်။ “𝗨𝘀𝗲 𝗶𝘁 𝗼𝗿 𝗹𝗼𝘀𝗲 𝗶𝘁” နိယာမလို့လည်း သိကြတယ်။ ![]()
တချို့ကလေးတွေကို တွေ့ဖူးမှာပေါ့ တစ်ရက်ကို Vocabularies အလုံး ၂၀၊ ၃၀ တွေကျက်နေတာ။ တကယ်တော့ ဒါဟာ အရမ်းပင်ပန်းပြီး ဦးနှောက်က Stress များလေ ကျက်ပြီးမေ့တဲ့ သံသရာထဲ ရောက်သွားမှာပါပဲ။
အဲ့ဒီပြဿနာအတွက် အကောင်းဆုံးနည်းလမ်းကတော့ Vocabularies တွေကို တစ်ခေါက်တည်း အပြီးကျက်လိုက်တာထက် ဒီစာလုံးကိုပဲ ထပ်ခါတလဲလဲ မတူညီတဲ့ Context တွေနဲ့ တွဲပြီး မှတ်ပါ။
ဥပမာ Cold ဆိုရင် ဘာအေးတာလဲ လက်အေးတာလား၊ ခြေထောက်အေးတာလား၊ ကော်ဖီအေးလား၊ ရာသီဥတုအေးတာလား စတဲ့ Situation ပေါ်မူတည်တဲ့ Context တွေနဲ့ တွဲကျက်တာမျိုးပါ။
It is cold today. (ရာသီဥတု)
I like cold water. (သောက်စရာ)
I have a cold. (နေမကောင်းဖြစ်တာ)
He gave me a cold look. (အမူအရာ)
It was a cold decision. (သဘောထား) စသည်ဖြင့် Cold တစ်လုံးတည်းကိုပဲ မတူညီတဲ့ Context တွေနဲ့ တွဲပြီး မှတ်လိုက်တာက Cold ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မှတ်မိသွားစေနိုင်တဲ့အပြင် တကယ့်လက်တွေ့ဘဝမှာ Cold ကို ဘယ်လိုသုံးရမလဲဆိုတာကိုပါ တွဲပြီးမှတ်မိသွားစေနိုင်ပါတယ်။ ![]()
နောက်တစ်ခုက အမြဲ Revision လုပ်တာမျိုးပါ။ မနက်က မှတ်ထားတဲ့ Vocabularies တွေကို ညဘက်မှာ ပြန်လည်ထိတွေ့ကြည့်တာမျိုး။ ဒါလည်းအရေးကြီးပါတယ်။ ပြန်ပြီးအသုံးချနေမှ ဦးနှောက်က “ဒါအရေးကြီးတဲ့အချက်အလက်တစ်ခုပဲ” ဆိုပြီး ဖျက်ပစ်ဖို့မလုပ်တော့ပဲ လက်ခံမှတ်သားလာနိုင်မှာပါ။ Revision လုပ်တဲ့အခါမှာလည်း စိတ်ထဲမှာပဲ မှတ်ပြီးကျက်ထားမယ့်အစား ဦးနှောက်၊ ပါးစပ်၊ မျက်စိ၊ နားပါ အသုံးချပြီး မှတ်သားနိုင်တဲ့ ![]()
“Read it out” လုပ်တာမျိုးက ပိုပြီး ဦးနှောက်ရဲ့ Muscle Memory ကို လှုံဆော်ပေးတာကြောင့် မှတ်မိလွယ်စေပါတယ်။
ဒီနည်းလမ်းတွေအတိုင်း Teacher တွေအနေနဲ့ အတန်းထဲက သားသားမီးမီးလေးတွေရဲ့ ပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်လာပြီဆိုရင် သားသားမီးမီးလေးတွေလည်း ကျက်ပြီးမေ့တဲ့ ပြဿနာမျိုး ဘယ်တော့မှ မဖြစ်တော့ဘူးပေါ့။
ဒီလိုမျိုး ကလေးငယ်တွေရဲ့ သင်ယူမှုမှာ စာကျက်စရာမလိုဘဲ သဘာဝအတိုင်း မှတ်မိစေမယ့် Context-based Learning ပုံစံမျိုးကို 𝗜𝘃𝘆 𝗬𝗼𝘂𝗻𝗴 𝗟𝗲𝗮𝗿𝗻𝗲𝗿𝘀 မှာ အထူးဦးစားပေး သင်ကြားပေးနေပါတယ်။