Public Speaking Skills For Children

ကလေးတစ်ယောက်အတွက် မရှိမဖြစ်တဲ့ မိမိကိုယ်ကို ယုံကြည်မှုကို အဓိကတည်ဆောက်ပေးနိုင်တာဟာ Public Speaking သေးသေးလေးတွေကနေ စတင်ပါတယ်။
အတန်းရှေ့မှာ ထွက်ပြောရတဲ့ Public speaking သေးသေးလေးကနေ အများရှေ့မှာ ရှင်းလင်းပြတ်သားစွာ ဖော်ပြနိုင်တဲ့ ဆက်သွယ်ပြောဆိုမှုစွမ်းရည် (Communication) နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်မှုစွမ်းရည် (Critical Thinking) တွေကိုပါ တပါတည်း ကျွဲကူးရေပါသလို တိုးတက်လာစေနိုင်ပြီး အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ ကလေးတွေဖြစ်လာဖို့ ခြေလှမ်းလေးတွေပါပဲ။ ဒီခြေလှမ်းသေးသေးလေးတွေကနေ နောင်အနာဂတ်မှာ ပညာရေး၊ အလုပ်အကိုင်နဲ့ လူမှုဘဝနယ်ပယ်တွေမှာ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အတွက်ပါ အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်စေနိုင်ပါတယ်။

နိုင်ငံတကာကျောင်းအများစုမှာတော့ Public Speaking အတွက် သီးသန့်သင်ရိုးအဖြစ် မလုပ်ဘဲ တပါတည်း ထည့်ပေါင်းပြီး ရေးဆွဲထားလေ့ရှိပါတယ်။ ကျောင်းသားဗဟိုပြု ဖြစ်တဲ့ (Student-Centered) ချဉ်းကပ်ပုံကို အသုံးပြုပြီးတော့ ကလေးတွေကို ကိုယ်တိုင်သုတေသနလုပ်ပြီး ရလာတဲ့အချက်အလက်တွေကို အတန်းဖော်တွေရှေ့မှာ ပုံမှန်တင်ဆက်ခိုင်းတဲ့ Project-Based Learning – PBL နည်းနဲ့ Public Speaking Skill ကို တိုးတက်မှုရှိအောင် လေ့ကျင့်သင်ကြားပေးကြပါတယ်။

𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 မှာလည်း English စာသာမက ကလေးတိုင်းရဲ့ မရှိမဖြစ် အခြေခံ Skills တွေကို အင်္ဂလိပ်စာနဲ့ ပေါင်းစပ်သင်ကြားပေးပါတယ်။ 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 ရဲ့ Student-Centered Learning စနစ်က ကလေးတွေကို Drawing, Creativity, Activity နဲ့ Presentation များကနေတဆင့် ကိုယ်ပိုင်စိတ်ကူးလေးတွေကို ဖော်ပြခွင့်ပေးပြီး အင်္ဂလိပ်လို ပြန်လည်တင်ဆက်စေတာကြောင့် လက်တွေ့အသုံးချခွင့်လည်း အပြည့်အဝရရှိစေတဲ့ သင်ကြားရေးရပ်ဝန်းတစ်ခုဖြစ်အောင် မွမ်းမံတည်ဆောက်ထားပါတယ်။

𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 ဟာ အင်္ဂလိပ်စာကိုပဲ သင်ကြားပေးနေတာမဟုတ်ဘဲ ကလေးတွေရဲ့ အနာဂတ်ဘဝကိုပါ ပုံဖော်ပေးနေတဲ့ ပညာရေးရပ်ဝန်း တစ်ခုဖြစ်တာမို့ သားသားမီးမီးတို့အတွက် အကောင်းဆုံးရွေးချယ်မှုကို ရှာဖွေနေတယ်ဆိုရင် 𝐈𝐯𝐲 𝐘𝐨𝐮𝐧𝐠 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬 ရဲ့ အတန်းတွေကို အသေးစိတ်စုံစမ်းဖို့ ဖိတ်ခေါ်ပါတယ်

Add a Comment

Your email address will not be published.