Raise A Star program
သားသားမီးမီးတို့ကို လင်းလက်တောက်ပတဲ့ star လေးတွေဖြစ်ဖို့ ပြုစုပျိုးထောင်ရာမှာ ကူညီပေးမယ့် Raise A Star program လေး ပြန်လည်ရောက်ရှိလာပါပြီ။ ဒီအပတ်မှာတော့ သားသားမီးမီးလေးတွေရဲ့ ပျင်းရိတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ပေးနိုင်လဲဆိုတာ ဗဟုသုတမျှဝေသွားမှာဖြစ်ပါတယ်။
အောင်မြင်မှုဆိုတာ ဇွဲ၊ လုံလ၊ ဝီရိယ အပေါ်မှာအခြေခံတယ်မဟုတ်လား။ ဒါ့ကြောင့် ပျင်းရိခြင်းဆိုတာ အောင်မြင်မှုအတွက် အတားအစီးအနှောက်အယှက်ကြီးတစ်ခုပါပဲ။ သားသားမီးမီးတို့ရဲ့ ပျင်းရိတတ်တဲ့အကျင့်ကိုဖျောက်နိုင်ဖို့ မင်မင်က အကြံပြုချက် (၅) ချက် ပေးပါမယ်။
၁။ Breaking big tasks down into small ones (ကိစ္စအကြီးကြီးတွေကို အသေးစိတ်ခွဲခြားဆောင်ရွက်ပါ။)
ဥပမာ အခန်းရှင်းခိုင်းတဲ့အခါဆိုရင် စာကြည့်စားပွဲရှင်းဖို့၊ အဝတ်ဗီဒိုရှင်းဖို့၊ အိပ်ယာသိမ်းဖို့ စသည်ဖြင့် နေရာငယ်လေးတွေခွဲပြီးရှင်းခိုင်းတာက ပိုပြီး အလုပ်မြန်မြန်ပြီးစေပါတယ်။
၂။ Worst-first: starting with the tasks always left to last (မကြိုက်ဆုံးအရာကနေ စပြီးလုပ်ဆောင်ပါ။)
ကိုယ်အကြိုက်ဆုံးအရာကနေ စလုပ်လို့ အဲ့အရာပြီးသွားတဲ့အခါ ကျန်တာတွေအတွက် ပျင်းရိသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်မလုပ်ချင်ဆုံးကို အရင်ပြီးအောင်လုပ်လိုက်ပါ။
၃။ 10-minute technique: beginning with a 10-minute activity to get going (စာမလေ့လာခင် ၁၀ မိနစ်စာ activity တစ်ခုခုကို လုပ်ပါ။)
စာကြည့်စာပွဲရှင်းတာမျိုး၊ schedule ဆွဲတာမျိုး၊ ဉာဏ်စမ်းတစ်ခုခုကို ဖြေကြည့်တာမျိုး လုပ်ခြင်းဖြင့် စာလုပ်ဖို့တက်ကြွလာစေပါတယ်။
၄။ Change the study environment (နေရာများပြောင်းလဲပြီး စာလေ့လာပါ။)
အိပ်ခန်း၊ ဧည့်ခန်း၊ စာကြည့်ခန်း၊ ဝရန်တာ စသည်ဖြင့် နေရာမျိုးစုံပြောင်းပြီးလေ့လာခြင်းက ဉာဏ်ရည်ကို ပွင့်လင်းဖို့ အထောက်အကူပြုပါတယ်။ အသစ်အဆန်းနေရာမှာစာလုပ်ရတာကြောင့် မငြီးငွေ့ပဲ ပိုမိုတက်ကြွစေပါတယ်။
၅။ Make daily, weekly and monthly lists (လုပ်ငန်းဆောင်တာများကို နေ့စဉ်၊ အပတ်စဉ်နဲ့ လစဉ်ဆိုပြီး ခွဲခြားပါ။)
နေ့စဉ်စာဖတ်မယ်၊ အပတ်စဉ်အားကစားလုပ်မယ်၊ လစဉ်ဟင်းချက်သင်မယ် စသည်ဖြင့် ကိုယ်လုပ်စရာရှိတာလေးတွေကို အကျင့်တစ်ခုအနေနဲ့ဆောက်ရွက်ပါ။
ဒီအချက် ၅ ချက် ကို အသုံးပြုပြီး ကိုယ့်သားသားမီးမီးလေးတွေမပျင်းရိပဲ အမြဲတက်ကြွနေအောင် ပြုစုပျိုးထောင်ကြမယ်နော်။