When should we teach our children English?
ဒီမေးခွန်းကို မိဘတော်တော်များများက တစ်ချိန်မဟုတ် တစ်ချိန်တော့ မေးဖူးကြပါတယ်။ ![]()
အချို့က “အရမ်းစောသွားမလား” လို့ စိုးရိမ်ကြသလို
အချို့က “ကျောင်းဝင်မှ စသင်လည်း နောက်ကျမသွားပါဘူး” လို့ တွေးတတ်ကြပါတယ်။
ဒါပေမယ့် အရေးကြီးတဲ့ မေးခွန်းက “ဘယ်အရွယ်က စသင်ရမလဲ” ဆိုတာထက် “ဘယ်လိုနည်းနဲ့ စသင်ပေးမလဲ” ဆိုတာပါ။
ကျွမ်းကျင်တဲ့ ပညာရှင်တွေကတော့ ကလေးတွေရဲ့ အသက် ၂ နှစ်လောက်ကစပြီး အင်္ဂလိပ်စာနဲ့ စပြီးထိတွေ့ပေးလို့ ရတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကလေးကို Text Book ပစ်ပေးပြီး ခုံတစ်လုံးနဲ့ စာထိုင်သင်ခိုင်းတာကို ဆိုလိုတာမဟုတ်ပါဘူး။ ![]()
![]()
ဒီအရွယ်က ကလေးတွေက ဘာသာစကားကို စာအနေနဲ့ မမြင်သေးဘဲ အသံ၊ အပြုအမူ၊ အခြေအနေတွေကနေ တဆင့် သဘာဝအတိုင်း ဦးနှောက်ကနေစုပ်ယူနိုင်တဲ့ အရွယ် ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ ကလေးတွေရဲ့ ဦးနှောက်က
အသံအသစ်တွေကို အလွယ်တကူ မှတ်မိနိုင်တယ်
ဒါကတော့ မိခင်ဘာသာစကား၊ ဒါကတော့ ဒုတိယဘာသာစကားဆိုပြီး မခွဲခြားဘဲ လက်ခံနိုင်တယ်
အမှားလုပ်မှာလည်း မရှက်တတ်သေးဘူး
ဒါကြောင့် ဒီအရွယ်မှာ လိုအပ်တာက၊ စာရေးစာဖတ် သင်ပေးတာ မဟုတ်ဘဲ နားရည်ဝအောင်နားထောင်ခိုင်းပြီး Exposure များများရအောင် ပိုထိတွေ့ခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် –
အင်္ဂလိပ်သီချင်းတွေ နားထောင်စေမယ်
ပုံပြင်တွေကို အင်္ဂလိပ်လို ဖတ်ပြမယ်
ကစားရင်း အင်္ဂလိပ်စကားလုံးလေးတွေ သုံးပြမယ်
ဒီလိုနည်းလမ်းတွေက ကလေးအတွက် “စာသင်နေရတယ်” လို့ မခံစားရဘဲ အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ သဘာဝအတိုင်း လက်ခံသွားစေပါတယ်။
တကယ်တော့ မိဘအများစု စိုးရိမ်တာက “ငါ့ကလေး နောက်ကျသွားမလား” ဆိုတဲ့ အချက်ပါ။ ဒါပေမယ့် အမှန်တကယ် စိုးရိမ်သင့်တာက စောစောစသင်ပေးပြီး မမှန်တဲ့နည်းနဲ့ သင်ပေးလိုက်မိတာ ဖြစ်ပါတယ်။
ကလေးတစ်ယောက်ဟာ အသက်ကြီးမှ စပြီး သင်ယူတယ်ဆိုရင်တောင် နည်းလမ်းမှန်ကန်ရင် အလွယ်တကူ တတ်မြောက်နိုင်ပါတယ်။ ဒါပေမဲ့ အသက်ငယ်ငယ်ကစပြီး ဖိအားများတဲ့ နည်းလမ်းနဲ့ သင်ထားမိရင် အင်္ဂလိပ်စာကို ကြောက်သွားနိုင်ပါတယ်။ ![]()
ဒါကြောင့် အင်္ဂလိပ်စာ သင်ကြားရာမှာ အသက်အရွယ်ထက် နည်းလမ်းက ပိုအရေးကြီးပါတယ်။
စောစောစချင်တယ်ဆိုရင် သင်ကြားခြင်း မဟုတ်ဘဲ မိတ်ဆက်ပေးခြင်းနဲ့ စလိုက်တာအကောင်းဆုံးပါ။ အဲ့ဒါကပဲ ကလေးအတွက် အကောင်းဆုံး အစပြုခြင်း ဖြစ်ပါတယ်။
အကယ်၍ ဒီအကြောင်းအရာက မိဘတစ်ယောက်အနေနဲ့ စဉ်းစားဖူးတဲ့ မေးခွန်းနဲ့ ကိုက်ညီနေတယ်ဆိုရင် တခြားမိဘတွေပါ စဉ်းစားနိုင်အောင် Like & Share လုပ်ပြီး မျှဝေပေးခြင်းက မိဘတိုင်းအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။ ![]()